ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့ အရွယ်နဲ့မလိုက်အောင်နုပျိုလှတဲ့ မင်းသမီးလေးတစ်လက်ပါပဲနော်။ အကယ်ဒမီ (၂)ခုကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်ရင့်ကျက်လွန်းလှတဲ့သူမကို ချစ်တဲ့ပရိသတ်တွေက ရွှေကစ်လို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိကြပါတယ်။လက်ရှိမှာလည်း Covid 19နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို အင်တိုက်အားတိုက် တိုက်တွန်းနှိုးဆော်တဲ့အနုပညာရှင်ထဲမှာ ရွှေကစ်လေးလည်းအပါအဝင်ပါပဲနော်။ ကိုယ်တိုင်လည်း Covid 19 ရောဂါကာကွယ်ရေးအတွက်လိုအပ်တာတွေကို လှူဒါန်းထားပါသေးတယ်နော်။

ဒီနေ့မှာတော့သူမရဲ့နာမည်ခံPageအတုကနေ သတင်းအမှားတွေကိုဖော်ပြမှုနဲ့ပတ်သက်ပြီး”ကစ်ကိုချစ်ပေးတဲ့သူတွေကိုလည်း ကစ်ကျေးဇူးတင်ပါတယ်။ ကစ်အနေနဲ့က ကစ်နဲ့ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာကို ကစ်ရဲ့အခု Wutt Hmone Shwe Yi (Blue Marked) page ကသာအားလုံးကိုဖော်ပြရန်ရည်ရွယ်ပါတယ်။ ဆက်လက်ပြီးလည်း ကစ်နဲ့ပတ်သက်တဲ့ သတင်းကြောင်းအရာတွေ၊ လှုပ်ရှားမှုတွေကို အခု page ကနေပဲတင်ပေးသွားမှာဖြစ်ပါတယ်။ (ရေရှည်မှာ မလိုလားအပ်တဲ့ အထင်အမြင် လွှဲမှားမှူတွေ ဖြစ်မလာစေရန် )ကစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခု၊ သို့မဟုတ်ကစ်အတွက် လှူတန်းမှု တစ်ခုခုပြုလုပ်ချင်ရင်Fan တွေအနေနဲ့ ကစ် page မှာထည့်ထားတဲ့ official ဖုန်းနံပါတ်နဲ့ email တွေကို ဆက်သွယ် ညှိုနှိုင်းအသိပေးပြီးမှ ဆောင်ရွက်ကြရန်မေတ္တာရပ်ခံပါတယ်နော် ။
အခုလိုအချိန်မျိုးမှာအားလုံး ကျန်းမာရေးကိုပဲ အထူးဂရုပြု ပြီးဒီ Covid 19 virus ကြီးကိုဘေးကင်းစွာနဲ့ ကျော်လွှားကြမယ်နော် ။ချစ်တယ် နော်အားလုံး ချစ်ပေးတဲ့ တစ်ယောက်ချင်းစီကို အရမ်းလည်းချစ်ပါတယ် အရမ်းလည်းကျေးဇူးတင်တယ်။”ဆိုတဲ့စာလေးနဲ့ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။