” မကြိုက်ဘူးပြောပြီး အကောင့်ထဲဝင်ကြည့်နေတဲ့သူတွေကို ယုံကြည်ချက်ရှိရှိ တုန့်ပြန်ချေပလိုက်တဲ့ ​ ရွှေအိမ်စည်”


 CeleConnections ပရိသတ်ကြီးရေ အိမ်စည်ဟာယောကျာ်းလေးတွေသာမက မိန်းကလေးချင်းကပါအားပေးချစ်ခင်ခြင်းခံရတဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့အပြင် အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးနေရသူတစ်ယောက်ပါ။ 2018 မှာ Miss Supranational Myanmar Winner ဆုကိုရရှိခဲ့တဲ့ အပြင် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူလေးပါ။
 အိမ်စည်ကတော့ သူမှန်တယ်ထင်ရင်ယုံကြည်ချက်ရှိစွာ ပြောဆိုမှုကြောင့် ဝေဖန်တိုက်ခိုက်မှုတွေကို မကြာခဏ ခံရတတ်​ပေမယ့် ဘာကိုမှဂရုမစိုက်ဘဲသူမရဲ့ ပွင့်လင်းတဲ့စတိုင်အတိုင်း သူမရဲ့ထင်မြင်ချက်တွေကို ပရိသတ်တွေနဲ့ ဝေမျှဆွေးနွေးလေ့ရှိသူတစ်ဦးပါ။ အမြဲစိတ်ထဲရှိတဲ့အတိုင်း အင်တာဗျူးတွေမှာ ယုံကြည်မှုရှိစွာဖြေဆိုမှုတွေကြောင့်ယောကျာ်းလေးပရိသတ်တွေတင်မကဘဲ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံခံနေရသူပါ။
 လက်ရှိမှာတော့ ” မကြိုက်ဘူးပြောပြီး အကောင့်ထဲဝင်ကြည့်နေတဲ့သူတွေကို ဒီနေရာကနေ thank you ပြောလိုက်တယ်နော်Love you Muwah” ဆိူတဲ့စာလေးနဲ့ သူမကို ဝေဖန်တိုက်ခိုက်သူတွေကို ဂရုမစိုက်ကြောင်း ပညားပါပါတုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီး​ရေ အိမ်စည်ကတော့ Confidence ရှိတဲ့မင်းသမီးလေးဆိုတဲ့အတိုင်း သူမကို မကြိုက်တဲ့သူတွေကို
တုန့်ပြန်မှုကလည်း Confidence ရှိရှိပါပဲနော်။
Soure : Shwe Eain Si
Candy CeleConnections