ပရိသတ်တစ်ယောက်က ပုံတူကာတွန်းလေးဆွဲပေးလို့ အပျော်ကြီးပျော်နေတဲ့ နန်းစုရတီစိုး

ပရိသတ်ကြီးရေ အသက်သုံးဆယ်ကျော်အရွယ် မင်းသမီးတစ်ယောက်လို့ ထင်ရက်စရာမရှိပဲ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို နုပျိုလှပတဲ့ သူလေးကတော့ နန်းစုရတီစိုး ပဲ ဖြစ်ပါတယ်။ သူမက အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေပြီး ယခုချိန်ထိတိုင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။
နန်းစုရတီစိုး က သရုပ်ဆောင်ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးနဲ့ တေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတက်ပြီး အယ်လ်ဘမ်အသစ်တွေလည်း ထွက်ရှိထားတာလည်းဖြစ်ပါတယ်။ သူမ ထွက်ရှိထားတဲ့ တေးသီချင်းတွေကလည်း အချစ်သီချင်းလေးတွေဖြစ်တာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များကြတာလည်းဖြစ်ပါတယ်။ နန်းစုရတီစိုး က ပွင့်လင်းစွာပြောဆိုတက်ပြီး လူအများအပေါ်မှာလည်း ဖော်ဖော်ရွေရွေပြောဆိုဆက်ဆံတက်တဲ့ လူချစ်လူခင်ပေါများတာလည်းဖြစ်ပါတယ်။
ယခုမှာလည်း သူမရဲ့ ချစ်ပရိသတ်တစ်ဦးက သူမအတွက် ပုံတူကာတွန်းလေးကို ရေးဆွဲပေးလါတာကြောင့် အပျော်ကြီးပျော်နေတာလည်းဖြစ်ပါတယ်။ ကာတွန်းပုံရိပ်လေးက တကယ်ကို ချစ်စရာကောက်းလွန်းတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ နန်းစုရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။ ဒါ့အပြင် နန်းစုရတီစိုးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။Source & Photo credit - Nansu Yati Soe's fb account