ငယ်စဉ်ကအမှတ်တရပုံရိပ်လေးကို ဝေမျှလိုက်တဲ့ ခင်ဝင့်ဝါ

ချစ်ပရိသတ်ကြီးရေ ခင်ဝင့်ဝါကတော့ အလှမယ်လေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်း စားအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ခင်ဝင့်ဝါလေးက ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်သူလေး ဖြစ်ပါတ ယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက စိတ်ထားဖြူစင်တဲ့ ခင်ဝင့်ဝါလေးကို တစ်နေ့ တစ် ခြား ချစ်မဝဖြစ်နေရတာပဲ ဖြစ်ပါတယ်။
သူမကတော့မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးမင်းသမီးလေးတွေစာရင်းမှာ နေရာယူထားပြီး အားလုံးရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ် တွေကတော့ သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမကို ခေးလေးဆိုပြီးချစ်စ နိုးခေါ်ကြပါတယ်နော်။ သူမဟာ တကယ်လည်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အလှ တရားကိုပိုင်ဆိုင်ထားသူလေးပါပဲနော်။
လတ်တလောမှာတော့ ခင်ဝင့်ဝါက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။အခုလည်း သူမငယ်စဉ်က အ မှတ်တရပုံလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ငယ်ငယ် ထဲက ချစ်စရာကောင်းလွန်းနေတဲ့ ခေးရဲ့ ပုံလေးတွေကို ပရိသတ်ကြီးလည်း ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။
Alexus – Cele Zone