ကမ္ဘာသူ ကမ္ဘာသားတွေကို မေတ္တာပို့သနေတဲ့ သံဃာတော် အရှင်သူမြတ်တို့ရဲ့ ကြည်ညိုစရာမြင်ကွင်းများ
အလှူရှင်တွေကို မေတ္တာပို့သနေတဲ့ သံဃာတော်အရှင်သူမြတ်တို့ရဲ့ ကြည်ညိုစရာမြင်ကွင်းလေးတွေ ဖြစ်ပါတယ်……ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်….
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာကြီးအတွင်း
သီတင်းသုံးတော်လျက် ပရိယတ် ပဋိပတ် အားထုတ်လျက်ရှိကြကုန်သော မဇ္ဈိမဂုဏ်ရည်ဆရာတော်နှင့်
တိုက်အုပ်ဆရာတော်, စာချစာသင် သံဃာတော် အရှင်သူမြတ်တို့အား……
ရာသက်ပန်ဆွမ်းအလှူရှင်…..သဒ္ဓါဆွမ်းအလှူရှင်…..ရာသက်ပန် လျှပ်စစ်မီးအလှူရှင် တို့၏ လှူဒါန်းမှုအစုစုတို့ကို
သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာပို့သခြင်း, ပစ္စဝေက္ခဏာဆင်ခြင်ကြပါသည်။
အလှူရှင်များနှင့်တကွ ကမ္ဘာသူ /ကမ္ဘာသားများအားလုံး….ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။
မကောင်းသော ဘေးဥပါဒ် ရန်စွယ်အန္တရာယ်ဟူသမျှတို့မှ ကင်းဝေးကြပါစေ။ မကောင်းသောရောဂါဘယကပ်ဆိုးတို့မှ
ကင်းဝေးကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေ။
ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ။ အစစအရာရာ အဆင်ပြေကြပါစေ။
Writer ; Kwee (Jeeptoolay)
Source ; မဇ္ဇျိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ