MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲထဲက မိုးကလျာဇာတ်ရုပ်နဲ့လည်း ဗီလိန်အခန်းတွေကို အပီအပြင်သရုပ်ဆောင်နေပေမယ့် အပြင်မှာတော့ စိတ်ထားဖြူစင်တဲ့မင်းသမီးလေးခင်သဇင်ကတော့ အနုပညာလောကထဲဝင်မရောက်ခင်မှာ လေယာဉ်မယ် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လေယာဉ်မယ်ဘ၀ အမှတ်တရတွေကို လက်ရှိမှာပြန်လည်ဝေမျှနေတာလည်းဖြစ်ပါတယ်။
ခင်သဇင်ကတော့ လေယာဉ်မယ်ဘဝတုန်းကအမှတ်တရတွေဝေမျှလိုက်ချိန်မှာတာ့ သူ့ကို လေယာဉ်မယ်ဘဝတုန်းက စိတ်ပုပ်လားဆိုတဲ့ အမုန်းစကားပြောခံခဲ့ရတာကို “လေယာဉ်မယ်တုန်းကလည်း စိတ်ပုပ်လားတဲ့ မုန်းတာကို စိတ်မဆိုးပါဘူး ပိန်းတာကိုပဲ အာရုံနောက်တာ အဲတော့ block တယ်ကွယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။မင်းသမီးခင်သဇင်တစ်ယာက်အခုလိုပြောရတဲ့အပေါ်ကိုတော့ ပရိသတ်တွေသာမက ပရိသတ်အချစ်တော်အနုပညာရှင်တွေကပါ ခင်သဇင်ဘက်ကနေအပြည့်အဝနားလည်ပေးကြောင့် ပြောထားကြပါတယ်။ပရိသတ်အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ မင်းသမီးချောစိုးပြည့်သဇင်က “ဒီလောက်ရိုးရှင်းပြီးပြည့်ဝတဲ့စိတ်လေးကို” ၊ မင်းသမီးချောသံသာမိုးသိမ့်က “တို့အမလောက်အနေအေးပြီးစိတ်ထားပြည့်တာကို” လို့ ခင်သဇင်ရဲ့စိတ်သဘောထားပြည့်ဝမှုကို ပြောပြထားကြပါတယ်။
CeleGabar ပရိသတ်ကြီးရေ စိတ်သဘောထားပြည့်ဝတဲ့ မင်သမီးချောလေးခင်သဇင်ကတော့ လေယာဉ်မယ်ဘဝတုန်းကအမှတ်တရတွေဝေမျှလိုက်ချိန်မှာတာ့ သူ့ကို လေယာဉ်မယ်ဘဝတုန်းက စိတ်ပုပ်လားတိုတဲ့ အမုန်းစကားပြောခံနေရပါတယ်တဲ့နော်။ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ စိုပြည့်သဇင်နဲ့ သံသာမိုးသိမ့်တို့ကတော့ ခင်သဇင်ဘက်ကအပြည့်အဝရပ်တည်ပေးထားပါတယ်။
Source: Khin Thazin
DarDar-CeleGabar