ဆန်၊ဆီ၊ဆားတွေကို အမှန်တကယ်လိုအပ်နေတဲ့သူတွေထံ လိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

 ပရိသတ်တွေရဲ့ အချစ်တော်ဖြူဖြူထွေးကတော့ လတ်တလောမှာ အမှန်တကယ်လိုအပ်နေတဲ့ သူတွေအတွက်ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပါတယ်။ အခြေခံစားသောက်ကုန်တွေကို အမှန်တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေထံကို ဖြူဖြူထွေးက ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးတာပဲဖြစ်ပါတယ်။
 ဖြူဖြူထွေးက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်ဖုတ်၊ ခြောက်ဆွဲခြောက် နဲ့ ဆေးတွေပါဝင်တဲ့ လှူဒါန်းမယ့် အိတ်တွေကို ကားပေါ်တင်ကာ လမ်းတစ်ယောက်မှာတွေ့ရတဲ့ လက်လုပ်လက်စားသမား အခြေခံလူတန်းစားတွေနဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေထံ လှူဒါန်းပေးခဲ့တာပါ။ ဖြူဖြူထွေးကတော့ စိတ်ပင်ပန်းမှုတွေရှိပေမဲ့ အခုလိုလှူဒါန်းနေရတာက သူ့အတွက် အားဆေးတစ်ခွက်လိုပါပဲလို့လည်း အခုလို လှူဒါန်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူဖော်ပြထားပါသေးတယ်။
ဖြူဖြူထွေးရဲ့ လိုအပ်နေတဲ့ သူတွေအတွက်ကို ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လိုက်လံလှူဒါန်းပေးခဲ့တဲ့ စိတ်ထားလေးကို ပရိသတ်တွေကတော့ ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေချီးကျူးနေခဲ့သလိုပဲ ဖြူဖြူထွေးရဲ့ ဖြူစင်မွန်မြတ်လှတဲ့ စိတ်ထားလေးကလည်း တကယ်ကိုချီးကျူးထိုက်ပါပေတယ်။
Chilli – CeleGabar
Source – Phyu Phyu Htwe