သူမက လတ်တလောမှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့်အနုပညာအလုပ်တွေကိုခဏတာ ရပ်နားထားရတာဖြစ်ပါတယ်။ ယခုလိုအနုပညာအလုပ်တွေကိုရပ်နားထားရတဲ့အချိန်မှာတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အာင် ပရိသတ်တွေနဲ့အတူ Liveလွှင့်ပြီး စကားပြောလေ့ရှိပြီး Cover Song လေးတွေကိုလည်း သီဆိုပြလေ့ရှိပါတယ်။ လက်ရှိမှာလည်း ပရိသတ်တွေကြားရေပန်းစားနေတဲ့ ထိုင်းသီချင်းလေးကို ကိုယ်တိုင်ဂစ်တာတီးပြီးတော့ သီဆိုပြခဲ့တာဖြစ်ပါတယ်။
အဆိုပါသီချင်းလေးကိုတော့ “မလုံကုံကင်”ဆိုတဲ့စာသားလေးနဲ့အတူ နော်စေးစေးထူးကဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။