ရုပ်တည်ကြီးနဲ့ Surprise လုပ်တတ်တဲ့ လွှမ်းပိုင်အကြောင်း ပြောပြလာတဲ့ Bobby Soxer

လူငယ်ကြိုက်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က Rap သီချင်းတွေနဲ့ အောင်မြင်ခဲ့သလို နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာကောင်းတဲ့ သူတို့ အချစ်ရေးလေးကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ဝါသနာတူနဲ့ ရွှေလက်တွဲနေကြဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Bobby Soxer က သူမကို မွေးနေ့လက်ဆောင် အစောကြီးပေးပြီး Surprise လုပ်တဲ့ လွှမ်းပိုင်ရဲ့အကြောင်းကို ပြောပြလာပါတယ်။
“ဒီနှစ်တော့ မွေးနေ့လက်ဆောင် အစောကြီးရတယ် ဝေးဟေးဟေး။ ကိုယ့်ဘာသာဆို ကပ်စေးနှဲပြီးဝယ်ဖြစ်မှာမဟုတ်ဘူ။း ဒီကgameလေးတွေဆော့ချင်လို့ သူ့ဆီကswitchလေးခဏငှားနော်လို့ပြောတုန်းက မငှားဘူးတဲ့။ ပြီးတော့ ဒီနေ့ကျ အတည်ပေါက်နဲ့ အိမ်ကိုလာပို့ပေးတယ် gameခွေတွေရော အိတ်လေးတောင် အပိုပါသေး။” ဆိုပြီး ရုပ်တည်ကြီးနဲ့ Ro တတ်တဲ့ လွှမ်းပိုင်ကြောင့် ပျော်ရွှင်နေရတာကို ပြောထားပါတယ်။
လွှမ်းပိုင် နဲ့ Bobby Soxer က လူမြင်ကွင်းမှာ သည်းသည်းလှုပ် အကဲပိုတတ်တဲ့ အတွဲလေးမဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး ဂရုစိုက်တာတော့ သေချာပါတယ်။ ပရိသတ်ကြီးလည်း အလိုလိုက်ခံရသူလေး Bobby Soxer ကို အားကျနေပြီ ထင်ပါတယ်နော်။
Source: Htet Htet Aung’s fb
Bilie – Cele Connections