ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသား ပိုင်ဇေရဲထွန်းပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချ လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေကတော့ သူ့ကို ယနေ့ချိန်ထိတိုင်အောင် ချစ်ခင်အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ပိုင်ဇေ့ကိုသာမကဘဲ သူ့ရဲ့ မိသားစုလေးကိုပါ ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ချစ်ဇနီးလေးရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြောင့်လည်း အားလုံးက သူတို့မိသားစုလေးကို ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလလေးမှာတော့ ပိုင်ဇေရဲထွန်းတစ်ယောက် ချစ်ဇနီးရဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ပေးမှုတွေကြောင့် ကြည်နူးပီတိ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။
အခုမှာလည်း ဇနီးဖြစ်သူ ဇင်သဲနိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေး တစ်ပုံတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဇွန်လအတွက်အောင်ဘာလေသိန်းထီဆုကြီးကို ဆွတ်ခူးရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေးဇင်သဲနိုင်တင်ထားတဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ သူမဟာ ငါးသောင်းကျပ်ကို ဆုခူးရရှိခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Zin Thae Naing's Facebook Account