အလန်းစားဖက်ရှင်လေးကို ဝတ်ဆင်ပြီး အမိုက်စားပုံစံလေးနဲ့ ကြွေလောက်စရာကောင်းလွန်းနေခဲ့တဲ့ ယဉ်လက်


 မင်းသမီးချောလေးယဉ်လက်ကတော့   အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။   ဗီဒီယိုဇာတ်ကားတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း  ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။


 အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးဆိုရင်လည်း မမှားပါဘူး။


သူမကတော့ ယခုမှာ အလန်းစားဖက်ရှင်လေးကို ဝတ်ဆင်ပြီး အမိုက်စားပုံစံလေးနဲ့ ကြွေလောက်စရာကောင်းလွန်းနေခဲ့ပါတယ်။ သူမကတော့ " စိတ်ကူးဆိုတာ တစ်ယောက်တည်းယဉ်မှ အဝေးဆုံးကိုရောက်တာ တဲ့ " ဆိုပြီး အမိုက်စားပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးယဉ်လက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Yin Let 's facebook acc