ဆွဲဆောင်မှုရှိတဲ့ အိုက်တင်လေးတွေနဲ့ အထာကျကျ ပို့စ်ပေးလွန်းကာ တစ်မျိုးလေးလှသွေးကြွယ်နေတဲ့ နန်းခင်ဇေယျာ

 ပရိသတ်ကြီးရေ မော်လ်ဒယ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာ ကတော့ သွယ်လျကျစ်လျစ်တဲ့ body အလှတရားတွေကို ပိုင်ဆိုင်ထားပြီး  ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေရဲ့ အားပေးဝန်ရံနေရတဲသူလေးပဲဖြစ်ပါတယ်။ နန်းခင်ဇေယျာ က ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် သူမက အနုပညာအလုပ်တွေအပြင် လူမူရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း တက်နိုင်သလောက် ပါဝင်လုပ်ကိုင်ပေးနေတဲ့ လေးစားစရာ အနုပညာရှင်ပဲဖြစ်ပါတယ်။

 လတ်တလောမှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အချစ်တော်လေး နန်းခင်ဇေယျာ က အရသာရှိပြီး ဈေးသက်သာတဲ့ မာလာရှမ်းကောနဲ့ အခြားအစားစားတွေကို delivery လုပ်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် နန်းခင်ဇေယျာ က နေ့စဉ်ဆိုသလို ခန္ဓာကိုယ်လှပကျစ်လျစ်စေဖို့ အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးတာကို တွေ့ရပါတယ်။
ယခုမှာတော့ အချစ်တော်လေး နန်းခင်ဇေယျာ က ပရိသတ်တွေ ချစ်ခင်အားကျသွားစေလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်နော်...။ ဒီပုံလေးတွေထဲမှာတော့ နန်းခင်ဇေယျာ က လိုက်ဖက်လှတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ထားကာ ချစ်စရာအိုက်တင်လေးတွေနဲ့ ဖမ်းစားထားတာဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီလည်း အချစ်တော်လေး နန်းခင်ဇေယျာ ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။Photo Credit - Nang Khin Zay Yar

Source -Nang Khin Zay Yar 's facebook Page