မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ပြီး မဟာဆန်ဆန်လေးနဲ့ လှပသူ သရုပ်ဆောင် ဘေဘီမောင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ချစ်စဖွယ်လေးတွေ မပြောတတ်ပေမယ့် ပွင့်လင်းပြီး လှပသူ ဘေဘီမောင်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အဆိုတော် သားဂန်းနဲ့ သူမရဲ့ အချစ်ရေးကိုလည်း တရားဝင် ချပြထားသူပါ.။
ဘေဘီမောင်ကတော့ အနုပညာအလုပ်အပြင် တခြားစီးပွားရေးအနေနဲ့ Online Shopping အလုပ်ကိုလည်း လုပ်ကိုင်နေသူပါ.။ဒီနေ့ဇွန်လ (၂၉)ရက်နေ့မှာတော့ ဘေဘီမောင်က သူမရဲ့ အနုပညာအလုပ်အတွက် ပြင်ဦးလွင်ကို ခရီးထွက်နေရတဲ့ အချိန်လေးမှာ ဈေးရောင်းတဲ့ အလုပ်ကို မလုပ်ရလို့ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းလေးကို “ခရီးတွေသွားချင်နေတာ ကားရိုက်လာချိတ်တော့ ပြင်ဦးလွင်ဆိုတော့ ပျော်တာပေါ့။ စားဖို့သောက်ဖို့နေဖို့ မပူရတော့ဘူးဟီးဟီးးးး။ သာယာတယ်ကျေနပ်တယ်။ (၁၀)ရက်လောက် ကြာမှာ..။ ဈေးမရောင်းရတာတော့ စိတ်မကောင်းဘူး။
ကျွန်မက ဈေးရောင်းရတာ ဝါသနာပါတယ်။ ပျော်လည်းပျော်တယ်.။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဘေဘီမောင်ကတော့ သူမရဲ့ ရောင်းအားတက်နေတဲ့ Online Shopping အလုပ်ကို (၁၀)ရက်လောက်ကြာအောင် မလုပ်နိုင်တော့မှာမို့ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..Cele Connections ပရိသတ်ကြီး။
Source: Baby Maung’s Facebook
Sakura(Cele Connections)