ဦးနှောက် သွေးယိုစိမ့်နေလို့ ခွဲစိတ်မှုခံယူရမယ့် ဟာသသရုပ်ဆောင်ဦးမန်းဝင်း

 ဟာသဇာတ်ရုပ်ပေါင်းများစွာနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်ခဲ့တဲ့ ဟာလူရွှင်တောင် ဦးမန်းဝင်းကတော့  ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့  အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဦးမန်းဝင်းကတော့  ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

 အငြိမ့်တွေမှာလည်း ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဦးမန်းဝင်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးမန်းဝင်းကတော့ ချစ်ရတဲ့ သားသမီးတွေ မြေးတွေနဲ့အတူ နေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းကတော့ ယခုမှာ ဦးနှောက် သွေးယိုစိမ့် နေတာလို့ ယနေ့ည၉နာရီမှာ ခွဲစိတ်မှုပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။



" ဦးနှောက် သွေးယိုစိမ့် နေတာလို့ဆရာဝန်ကြီးမျာက ပြောပါတယ်ဒီနေ့ည 9:00PM မှာ ခွဲစိတ်ရမယ်လို့လို့လဲ ပြောပါတယ် ဖေကြီး အမြန်သက်သာပါစေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်အနေနဲ့လည်း ဦးမန်းဝင်းတစ်ယောက်နေအမြန်ကောင်းလာပါစေကြောင်း လူမှုကွန်ယက်ထက်မှာ ဆုတောင်းပေးနေကြပြီး ချစ်ပရိသတ်တွေအတွက် ဦးမန်းဝင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Man Win - Joker 's facebook page