လွတ်လပ်ပေါ့ပါးတဲ့ အပြာရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ ရင်ခုန်စရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ ရွှေသမီး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေသမီး ကတော့ ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ရွှေသမီး ကတော့ လတ်ရှိမှာ အကောင်းဆုံးကြိုးစား အားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်နေရတာကိုလည်းတွေ့ ရပါတယ်။
ရွှေသမီး လေးကတော့ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ အပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်တွေနဲ့ လှရက်လွန်းတာကြောင့် မြင်သူတိုင်းချစ်အားပိုနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထား ပြည့်ဝပြီး တစ်မူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အချစ်တော်လေး ရွှေသမီး က လတ်တလောမှာတော့ ခရီးတွေကို ဆက်တိုက်ဆိုသလို သွားရောက်နေခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးတာကိုတွေ့ရပါတယ်။
ယခုမှာဆိုရင်လည်း ရွှေသမီး ကတော့ မိတ္ထီလာကန်ကြီးရဲ့ အလှတရားတွေကို နောက်ခံထားပြီး ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ရွှေသမီး က လိုက်ဖက်တဲ့ အပြာရောင်ဖက်ရှင်ဝတ်စုံလေးကိုဝတ်ထားပြီး မြင်သူတိုင်းချစ်အားပိုစေလောက်မယ့် အမူရာလေးတွေနဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ အပြာရောင်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ရွှေသမီး ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။Photo Credit - ရှှသေမီး - Shwe Tha Mee
Source -ရှှသေမီး - Shwe Tha Mee 's facebook Page