သရုပ်ဆောင်တော်သလို အဆိုပိုင်းမှာလည်း ထူးချွန်သူလေးကတော့ အဆိုတော်၊မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးက အသံချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် တေးသီချင်းတွေ ဖန်တီးသီဆိုတတ်တာ ဖြစ်ပါတယ်။ အဆိုပိုင်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေပြီး တေးသီချင်းတွေ ဆက်တိုက်ဖန်တီးနေတဲ့ နန်းဆုရတီစိုးက ကြော်ငြာနဲ့ Photo Shooting တွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။
အရုပ်မလေးတစ်ရုပ်လို ချစ်ဖို့ကောင်းပြီး ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့နန်းဆုက မျက်နှာလေးကလည်း နုဖတ်လှပနေတာ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ရင်လည်း အမြဲတမ်းခေတ်မှီနေတဲ့ နန်းဆုက အမိုက်စားဖက်ရှင်လေးတွေနဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို အထာကျနေတာလည်း ဖြစ်ပါတယ်။ အခုတော့ နန်းဆုက ပရိသတ်တွေကြွေသွားစေမယ့် ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးမှာ နန်းဆုက အသည်းယားစဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပို့စ်ပေးနေသလို ရုပ်ပြောင်လေးတွေလုပ်ပြနေတာလည်း ဖြစ်ပါတယ်။ ဖြူဖွေးဝင်းဥပြီး ကြည်လင်ဝင်းပတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နန်းဆုကတော စွဲမက်ဖွယ်ကောင်းအောင် လှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Video Credit- Nansu Yati Soe's IG Story