ကြွေရက်စရာကောင်းလောက်တဲ့ အမူရာလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ပို့စ်ပေးလွန်းနေပြန်တဲ့ ဆောင်းယွန်းစံ


 ပရိသတ်ကြီးရေ အနုပညာလောကထဲကို အကယ်ဒမီ ရွှေကြိုကနေ အကောင်းဆုံး စတင်လျှောက်လှမ်းလာခဲ့တဲ့ သူကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံ ဖြစ်ပါတယ်။  ဆောင်းယွန်းစံ ကတော့ အနပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို ပရိသတ်တွေတွေရဲ့ ချစ်ခင်မှုတွေနဲ့ အတူ ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။  သူမကတော့ သွယ်လျကျစ်ကျစ်တဲ့ သေးသေးသွယ်သွယ် body လေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ လှရက်လွန်းနေသူလေးပဲဖြစ်ပါတယ်။


 လတ်ရှိမှာတော့ မင်းသမီးချောလေး ဆောင်းယွန်းစံ က ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်တွေအပြင် မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးနဲ့ လိုက်ဖက်မှုရှိရှိ ဝတ်ဆင်တတ်တဲ့ သူလေးပဲဖြစ်ပါတယ် ။ ယခုတစ်ခါမှာလည်း အချစ်တော်လေး ဆောင်းယွန်းစံက ကရင်ပြည်နယ်ကို အလည်အပတ် ရောက်ရှိနေခဲ့ပြီး သဘာဝအလှတရားတွေနဲ့ ရိုက်ထားတဲ့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ဆောင်းယွန်းစံက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကို အထာကျကျဝတ်ထားပြီး လှပလွန်းနေတဲ့ သဘာဝအလှတရားတွေကို နောက်ခဲ့ထားကာ ဆွဲဆောင်မှုရှိရှိ ပရိသတ်တွေချစ်အားပိုအောင်ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသမီးချောလေး ဆောင်ယွန်းစံက " တိမ်တွေနေတဲ့ အရပ်ဆီကို နင် နဲ့ ငါ.." ဆိုတဲ့ ချစ်ကောင်းလောက်တဲ့ caption လေးတွေနဲ့ ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ အချစ်တော်လေး ဆောင်းယွန်းစံ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။Photo Credit - Saung Yoon San

Source - Saung Yoon San's facebook Page