ခါတိုင်းနဲ့မတူပဲ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ မအေးသောင်း


 မင်းသမီးချောလေး မအေးသောင်းကတော့ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်တတ်သူလေးဖြစ်ပြီး အမြဲတမ်းလိုလို ရိုးရိုးယဉ်ယဉ်လေးလှနေတာ ဖြစ်ပါတယ်။ မြန်မာဆန်ဆန်အလှပိုင်ရှင်လေး မအေးသောင်းက ကိုယ်ခန္ဓာ အချိုးအစားလှပတဲ့အပြင် ကျစ်လစ်လှပတဲ့ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေက ပိုကြွေနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မအေးသောင်းက ကိုကို၊မောင်မောင်တွေရဲ့နှုတ်ဖျားမှာ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်။





 တစ်နေ့တစ်ခြားပိုပိုပြီးလှသွေးကြွယ်လာတဲ့ မအေးသောင်းက အခုလည်း မကြာခဏဆိုသလို အလှပုံလေးတွေကို အသစ်တင်ပေးလေ့ရှိနေတာကိုလည်း တွေ့ရပါတယ် ။ ဒါ့အပြင် မအေးသောင်းက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကားရိုက်တွေကို ရပ်နားထားပြီး ကြော်ငြာလေးတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။
ယနေ့မှာတော့ မအေးသောင်းက ခါတိုင်းနဲ့မတူပဲ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အပြတ်လန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ မအေးသောင်းရဲ့ ပိုစ့်တွေက မြင်သူတိုင်း ကြွေကျသွားရလောက်အောင် အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။ ကဲ ချစ်ပရိသတ်ကြီးကလည်း မအေးသောင်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။
Source & Photo credit - Aye Wutyi Thaung's Facebook Page