ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ အတွက်တော့ ဒီထက်ပိုပြီး လေးလေး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးရင်းနဲ့ ဘဝ ကို အဓိပ္ပာယ် ရှိရှိ ဘယ်လို နေထိုင်ကြမလဲ ဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ အာရုံစူးစိုက်မှု ရှိပါ
ရည်မှန်းချက် ပန်းတိုင် သုံး၊ လေးခုကို လိုက်စားနေပြီး တိုးတက် မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစား ပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် မကဘဲ အရင်ကထက် အများကြီး အောင်မြင်မှု ပိုရလာပါ လိမ့်မယ်။
၂။ ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ
ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်တွေ ကို သိရှိအောင် လုပ်ပါ။ သင်မကြာခဏ ဘာတွေလုပ်တတ်လဲ ဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝ ရဲ့ ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စား ရူးသွပ်တဲ့အရာ တို့ နဲ့ တွက်ညှိပြီး ဒါတွေနဲ့ အညီ သင်နေထိုင်နေခြင်း ရှိမရှိ သေချာအောင် လုပ်ပါ။
၃။ အရာဝတ္ထုပစ္စည်း တွေထက် လူတွေ ကို ပိုအလေးထားပါ
ကိုယ့်အတွက် ငွေသုံးမယ်၊ ပစ္စည်းတွေ ဝယ်မယ် ဆိုတဲ့ အခါတိုင်း သေချာစဉ်းစားပြီးမှ ဝယ်ပါ။ ကိုယ်ဘာကို ဝယ်လိုက်တယ် ဆိုတာကို သေချာစဉ်းစား ဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေ နဲ့ မိသားစုတွေ နဲ့အတူ ငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေ အကြောင်းကို ပိုစဉ်းစားပါ။
ဥစ္စာပစ္စည်းကြွယ်ဝမှုထက် သံယောဇဉ်ကို ပို အလေး အနက် ထားခြင်း ကြောင့် နောက်ဆုံးမှာ သင်ဟာ အပျော်ရွှင်ရဆုံးသူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်နော်။
Ref;KNOWLEDGE TEAM