သွယ်လျလှပတဲ့အမိုက်စား Body လေးနဲ့ ညှို့အားပြင်းနေပြီး ဆွဲဆောင်မှုရှိရှိပို့စ်ပေးကာ ဓာတ်ဖမ်းထားတဲ့ နန်းဆုရတီစိုး

 သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ထူးချွန်သူလေးကတော့ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ် ။ နန်းဆုရတီစိုးက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းလေးတွေကိုလည်း ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန်းဆုက အဆိုပိုင်းကို ပိုမိုဦးစားပေး လုပ်ကိုင်နေတာဖြစ်ပြီး သူမရဲ့အောင်မြင်မှုတွေကိုလည်း ဆက်လက်ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။




 ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ ဘိုမရုပ်လေးလို့တောင် ထင်မှတ်ရတဲ့ နန်းဆုကိုတော့ ပရိသတ်တွေကလည်း ကြွေနေရတာပဲ ဖြစ်ပါတယ် ။ နန်းဆုက ဖက်ရှင်အမြင်ရှိသူလေးဖြစ်ပြီး ဘာဝတ်ဝတ်လှနေတာကြောင့် အမြဲတမ်းကျော့ရှင်းလှပနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း နန်းဆုက ခပ်မိုက်မိုက်စတိုင်လ်လေးနဲ့ ဆွဲဆောင်မှုရှိရှိဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။သွယ်လျလှပတဲ့ Body ပိုင်ရှင်လေး နန်းဆုကတော့ အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီရှည်လေးကို အတွဲညီညီဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် နန်းဆုက ညှို့အားပြင်းတဲ့ ပို့စ်လှလှလေးတွေပေးပြီး ဓာတ်ဖမ်းထားတာကြောင့် သူမရဲ့ပုံရိပ်လေးတွေက အရမ်းကိုမိမိုက်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့အလန်းစားအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Nansu Yati Soe's IG Acc