GYM ကစားရင်း သူများတွေနဲ့ မ တူ တဲ့ ပုံစံလေးနဲ့ အထာကျကျပို့စ်ပေးပြီး အပြတ်အသတ်ဂေါ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို

 သင်ဇာဝင့်ကျော်လို့ဆိုလိုက်တာနဲ့ ပုရိသတွေရဲ့နှုတ်ဖျားမှာ သည်းသည်းလှုပ်ရေပန်းစားပြီး မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေသူလေးဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ် အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေတဲ့ သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ကြော်ငြာတွေအများအပြား ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အရင်ကထက်တောင် ပိုလှလာတဲ့ သင်ဇာက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ပိုမိုရရှိနေတာလည်း ဖြစ်ပါတယ်။




 ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေး သင်ဇာဝင့်ကျော်က ခေတ်ပေါ်ဖက်ရှင်လေးတွေကို ပိုမိုဝတ်ဆင်လေ့ရှိပြီး အမြဲတမ်းလန်းနေတတ်တာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ သင်ဇာက ပရိသတ်တွေအံ့အားသင့်စေမယ့် ပုံရိပ်လေးတွေ ကို မျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက GYM ကစားရင်း ဗီဒီယိုလေး ရိုက်ကူးကာ ဆွဲဆောင်မှုရှိတဲ့ပို့စ်လေးတွေပေးနေတာပဲ ဖြစ်ပါတယ်။
သင်ဇာကတော့ သူများတွေနဲ့မတူတဲ့ပုံစံလေးနဲ့ အထာကျကျဓာတ်ဖမ်းနေတာကလည်း အရမ်းကိုမိမိုက်ပြီး အပြတ်အသတ်ဂေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အားကစားလိုက်စားတဲ့ သင်ဇာက လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီး သူမရဲ့အမိုက်စား Body လေးကို ထိန်းထားနိုင်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source & Video Credit-Thinzar Wint Kyaw’s IG Story