Stay homeနေရင်း ပရိသတ်တွေအလွမ်းပြေဖို့အတွက် ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ပေးလာတဲ့ နော်ဖောအယ်ထား

ပရိသတ်ကြီးရေ....မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်ခင်အချိန်တည်းက MUFLရဲ့ queenလေးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိထားတာပါ။ နော်ဖောဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။
နော်ဖောအယ်ထားဟာ အနုပညာလောကမှာ အချိန်တိုအတွင်း နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပြီး ပျောက်ဆုံးနေသောအမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအချိန်ကာလဟာဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် အနုပညာရှင်တွေလည်း အိမ်မှာပဲနေနေကြရတာဖြစ်ပြီး နော်ဖောတစ်ယောက်လည်းအိမ်မှာပဲ အနားယူနေတာဖြစ်ပါတယ်နော်။
နော်ဖောအယ်ထားဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ချစ်စဖွယ်ပုံလေးတွေကို တင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ "အိမ်မှာဘဲနေပါတယ်နော်...." ဆိုတဲ့ captionလေးနဲ့ အိမ်မှာနေရင်းချစ်စရာပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် နော်ဖောလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source-Naw Phaw Eh Htar's Facebook page
Photo credit-Naw Phaw Eh Htar's Facebook page