မြင်နေကျပုံစံတွေနဲ့မတူဘဲ တစ်မျိုးလေးဆွဲဆောင်မှုရှိနေပြီး အလန်းစားပို့စ်တွေပေးကာ Tik Tok ကစားထားတဲ့ ပိုးကြာဖြူခင်ရဲ့ဗီဒီယို

 ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အခိုင်အမာရရှိထားသူလေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ပိုးကြာဖြူခင်က "ဆိုင်းမိုင်"ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးခဲ့သလို သူမပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း ကြည့်ရှုသူများပြားခဲ့တာ ဖြစ်ပါတယ်။



 အဆိုတော်စိန်လင်းနဲ့အတူ သီချင်းတွေလည်းသီဆိုခဲ့တဲ့ ပိုးကြာဖြူခင်က သာယာချိုမြတဲ့အသံပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူးနော်။ လက်ရှိမှာတော့ ပိုးကြာဖြူခင်က ကြော်ငြာတွေမနားတမ်းရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကိုကျက်သရေရှိပြီး ယဉ်ယဉ်လေးလှနေတဲ့ ပိုးက တစ်ခါတစ်ရံမှာလည်း အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ်။
အခုလည်း ပိုးကြာဖြူခင်က အဖြူရောင်ဖက်ရှင်လေးနဲ့ အရမ်းလှနေပြီး အမိုက်စား Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပိုးက လတ်တလောမှာ အရမ်းရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်လေးနဲ့ Tik Tok ကစားခဲ့တာဖြစ်ပြီး အလန်းစားပို့စ်လေးတွေပေးရင်း စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Video Credit-Poe Kyar Phyu Khin's FB Page