အိပ်ခါနီးတောင် အလှမပျက်ပဲ အရုပ်မလေးလို အသည်းယားအချစ်ပိုစရာကောင်းလွန်းနေတဲ့ ပိုးမမှီသာ


 ချစ်ရတဲ့ ပရိသတ်ကြီးရေ...ပိုးမမှီသာကတော့ အနုပညာလမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တဲ့ မကြာသေးပေမယ့် အောင်မြင်မှုအသင့်အတင့်ရရှိကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပိုးက နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်နဲ့အတူ "ပိတောက်ကတဲ့ဂီတ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။



 အချိန်ခဏလေးအတွင်းမှာ ထင်မှတ်မထားလောက်တဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ပိုးမမှီသာက ပညာရေးပိုင်းမှာလည်း ထူးချွန်သူဖြစ်ပြီး ဆေးကျောင်းသူလေးပါနော်။ ပြစ်ချက်မရှိ လှပလွန်းတဲ့ သူမရဲ့ မျက်နှာလေးနဲ့ စိတ်ထားလေးကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းရဲ့ စိတ်ဝင်စား အားပေးမှုကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။လက်ရှိမှာလည်း ပိုးက ချစ်စရာကောင်းလွန်းတဲ့ ညအိပ်ယာမဝင်ခင် ပုံရိပ်အလှလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကြည့်မိသူတိုင်း အသည်းယားအချစ်ပိုစေလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပိုးမမှီသာ ရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။
Source & Photo credit - Poe Mamhe Thar's Fb Page