“နေခြည်ဦးရဲ့ သရော်လှောင်ပြောင်နေမှုတွေကို ဒေါသထွက်ကာ ပေါက်ကွဲနေတဲ့ တိုင်ရွန်ရဲ့ ဗီဒီယိုဖိုင်”

 နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော တိုင်ရွန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ တိုင်ရွန်ရဲ့ အမိုက်စား ဘော်ဒီနဲ့ တက်တူးစတိုင်တွေက နှုတ်ခမ်းနီမလေးတွေတင်မကပဲ ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်.။ မော်ဒယ်တစ်ယောက်အနေနဲ့ မိမိုက်စွာ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ရုပ်ရှင်တွေမှာပါ ကျရာဇာတ်ရုပ်တွေကို ပါဝင်ပီပြင်အောင် သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူပါ.။
 တိုင်ရွန်က သူ့ရဲ့ ပရိသတ်တွေအတွက် အမိုက်စားကပ်ပရှင်တွေနဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ။ Tik Tokလေးတွေကို ဆော့ကာ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေပျော်စေဖို့ အပျော်သဘောရည်ရွယ်ကာ တင်ပေးလေ့ရှိပါသေးတယ်။ ဒီနေ့ မေလ (၂၇)ရက်နေ့မှာတော့ တိုင်ရွန်က သူငယ်ချင်းဖြစ်သူ နေခြည်ဦးရဲ့ အသံနဲ့ ဆော့ထားတဲ့ အခွီTik Tok ဗီဒီယိုဖိုင်လေးကို “ကောင်းကောင်းမစားရဘူး..။ နင့်အလှည့်ကျတွေ့မယ် Nay Chi Oo” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ဝိတ်လည်းကျချင်၊ ဝိတ်တက်စေမယ့် ပေါင်မုန့်ကို စားဖို့ကြံနေတဲ့ တိုင်ရွန်တစ်ယောက် နေခြည်ဦးရဲ့ အပီအပြင်ပြောခံနေရတဲ့ အခွီ Tik Tok ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း တိုင်ရွန်ရဲ့ ဟာသTik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး  လိုက်ပါတယ်နော်.။
Source: Tyron Bejay’s FacebookSakura(Cele Connections)