လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးကို အထာကျကျ ဝတ်ကာ ချစ်စရာအပြုံးချိုချိုလေးတွေ နဲ့ လှရက်လွန်းနေတဲ့ ဖြူဖြူထွေ


 မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့အားပေးမှုတွေရရှိပြီး နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ဖြူဖြူထွေး ဟာ အသက်ငယ်ရွယ်ပေမယ့်လည်း စိတ်သဘောပြည့်ဝကာ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကိုလည်း လိုအပ်တဲ့သူတွေအတွက် အမြဲဆိုသလိုလှူဒါန်းမှုတွေပြလုပ်တာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့ရပါတယ်။


 ဖြူဖြူ ထွေး ဟာ သူမရဲ့ လှုပ်ရှားမှုပုံလေးတွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး မိဘပေါ်မှာလည်း သိတက်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ လေးစားချစ်ခင်နေရတဲ့သူလေးပဲဖြစ်ပါတယ်။ယခုတစ်ခါမှာလည်း ချစ်ပရိသတ်တွေ အလွမ်းပြေအောင် ခပ်မိုက်မိုက် ပုံစံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေးက လူငယ်တွေအတွက် အကြိုက်တွေစေမယ့် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ထားပြီး ချစ်စရာကောင်းတဲ့ အမှုရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်ပါတယ်။ကဲ..ပရိသတ်ကြီးရေ တစ်နေ့တခြား ပိုပြီး ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းတဲ့ ဖြူဖြူထွေး ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - Amazing Grace
Source - Phyu Phyu Htwe's Facebook Page