” သူမမေမေ လင်းဇာနည်ဇော်ကိုဓာတ်ပုံရိုက်ကာ ဆေးထိုးစနောက်ခဲ့တဲ့ မြူလင်းကိုကို ”


 CeleConnectionsပရိသတ်ကြီးရေ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ သမီးလေး ဟာ မြူလင်းကိုကိုဆိုတာကိုပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ မြူလင်းကိုကိုကတော့ အမေဖြစ်သူလင်းဇာနည်ဇော်ရဲ့ လှပမှုတွေအပြင် အနုပညာအမွေကိုပါ ဆက်ခံရရှိထားသူလေးလို့ဆိုရမှာပါ။ဒါ့အပြင် စီပွားရေးမှာလည်း အမေ့ကိုဝိုင်းကူကာ စီမံကွပ်ကဲမှုတွေ ဝင်ရောက်လုပ်ကိုင်နေပြီလို့သိရပါတယ်။

 ဒါ့အပြင် နိုင်ငံခြားမှာ ပညာသွားရောက်သင်ကြားခဲ့ပြီး အခုဆိုရင် မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေကာ မေမေလင်းဇာနည်ဇော်နဲ့ ပွဲတွေတော်တော်များများကို တက်ရောက်နေပြီပဲ ဖြစ်ပါတယ်။ ကြော်ငြာလေးတွေလည်းရိုက်ကူးနေပြီလို့ သိရပါတယ်။ အနုပညာဘက်မှာလည်း ဝါသနာပါသူလေးဖြစ်တာကြောင့် သရုပ်ဆောင်မင်းသမီးလေးဖြစ်ချင်တာပါတဲ့နော်။
လင်းဇာနည်ဇော်နဲ့ မြူလင်းကိုကိုတို့သားအမိဆက်ဆံရေးကတော့ ညီအစ်မတွေလို ဆက်ဆံရေးမျိုးဖြစ်က တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးကာ စနောက်တတ်ကြပါသေးတယ်။ ဒီနေ့မှာတော့ “စိတ်ပုတ်တဲ့ကြွက်ရိုက်ပေးတဲ့ပုံ”ဆိုကာ လင်းဇာနည်ဇော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ မြူလင်းကိုကိုကတော့ သူမမေမေ လင်းဇာနည်ဇော်ကိုဓာတ်ပုံရိုက်ပေးပြီး ဆေးထိုးစနောက်ခဲ့တာပါနော် ။ CeleConnectionsပရိသတ်ကြီးရေ တစ်ယောက်နဲ့တစ်ယောက်စနောက်ကာ ပျော်ရွှင်စရာကောင်းတဲ့ သားအမိနှစ်ယောက်ကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Soure : LinnZarniZaw
Candy CeleConnections