သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ရုပ်ရည်လေးကချောမောလှပသလို စကားပြောတဲ့ပုံစံလေးကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆုမြတ်နိုးဦးက ကျော်ကျော်၊ညီထွဋ်ခေါင်တို့နဲ့အတူ အပျော်တမ်းဟာသဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ် ။
အခုလည်း ဆုမြတ်နိုးဦးက ညီထွဋ်ခေါင်နဲ့အတူ အခွီတလိုင်းဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးကိုယ်တိုင် အဓိကနေရာကနေ သရုပ်ဆောင်ထားတဲ့ ဒီဗီဒီယိုလေးကိုတော့ "Stay at Home ကာလအတွင်းက မင်းသမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ ဆုမြတ်နိုးဦးက အလှတွေပြင်ပြီး အပီအပြင်သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ် ။
ဆုမြတ်နိုးဦးတစ်ယောက်ကတော့ အိမ်မှာနေရင်း ခေါင်းအစခြေအဆုံး အလှတွေပြင်ပြီး စတိုင်အပြည့်နဲ့ ရှိုးထုတ်နေတာလည်း ဖြစ်ပါတယ် ။ Stay Home ကာလမှာအလှတွေပြင်နေတဲ့ ဆုမြတ်နိုးဦးရဲ့နောက်ကွယ်ကအဖြစ်လေးကို ဟာသပုံစံနဲ့သရုပ်ဆောင်ထားတာကလည်း တကယ်ကိုခွီနေရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ သဘောကျရယ်မောသွားစေမယ့် ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit- "N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB Page